စိရံတိဌတုသဒ္ဓမ္မော - စိရံဒိဗ္ဗတုသာသနံ ဗုဒ္ဓမြတ်စွာ - သာသနာ - ရှည်ကြာထွန်းလင်းပါစေသော်

သာသနာတော်သက္ကရာဇ်၊ ၂၅၂၉ ခုနှစ် ၊ လူတို့ ၊ ဝေါဟာ၊ ကောဇာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ နယုန်လဆန်း (၅)ရက် (၂၃-၅-၈၅) ကြာသပတေးနေ့

ချမ်းမြေ့သာယာ၊ မင်္ဂလာအခါတွင် ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ တောင်ဘက် ၊ တမိုင်ခန့် ၊ အကွာရှိ ၊ ရှေးအခေါ် ၊ လွယ်ဟူရွန်း ၊ ယခုအခေါ် ၊ မြကလပ်တောင်နှင့် မင်းသားတောင်ပေါ်တွင် ၊ ပြည်သာအေး စူဌာမဏီစေတီ ၊ ကျောင်း ၊ ဓမ္မာရုံ ၊ ရေတွင်း ၊ ရေကန်နှင့်တကွ ၊ အာရာမ်မျိုးတို့၊ လွိုင်ကော်မြို့၊ ရွှေတောင်ပရိယတ္တိစာသင်တိုက် ၊ နာယကဆရာတော် ၊ အသျှင်ပညာသာမီအား ၊ အပ်နှံှလှူဒါန်းသည့် စာတမ်းပါ ဘုရား - ကြွရောက်တော်မူလာကြသော ၊ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား - သဒ္ဒါသီလ ၊ စာဂပညာ ၊ လေးဖြာတရား အညီအမျှထားရှိကြကုန်သော ၊ မြကလပ်တောင်ပြည်သာအေး စူဌာမဏီစေတီ ၊ ဂေါပကအဖွဲ့ ဒါယကာ ၊ ဒါယိကာမများနှင့် ဥပသကာ ဥပသကာမများဖြစ်ကြကုန်သော တပည့်တော် တပည့်တော်မတို့သည် -

(၁) မြတ်စွာဘုရား၏ ၊ သာသနာတော် ၊ အဓွန့်ရှည်စွာတည်၍ ၊ စည်ပင်ပြန့်ပွား ၊ ကြီးပွားတိုးတက်ပါစေခြင်း အကျိုုးငှာ ၎င်း ။

(၂) ဓူ ၇ နှစ်ပါး ၊ ပွား မျိုးအားထုတ်လိုသော ၊ သံဃာတော်အရှင်မြတ်များ ၊ ကာယစိတ္တ ၊ သုခနှစ်ဖြာချမ်းသာစွာ အားထုတ်နိုင်ပါစေခြင်း အကျိုးငှာ ၎င်း ။

(၃) ဥပုသ်သီလစောင့်သုံး၍ ၊ သမထဝိပဿနာ ၊ ဘာဝနာတရား ၊ ပွား မျိုး အားထုတ်လိုသော ၊ ယောဂီတကာ ဒါယကာ ၊ ဒါယိကာမများ အေးချမ်းသာယာစွာ ၊ ပွားများအားထုတ်နိုင်ပါစေခြင်း အကျိုးငှာ ၎င်း ။

(၄) တောင်၏ပတ်ဝန်းကျင်တွင် ၊ သား ငှက်တိရစ္ဆာန်များအား ၊ ဘေးမဲ့ပေး၍ ၊ ထိန်းသိမ်းစောင့်ရှောက်နိုင်စေခြင်း အကျိုးငှာ ၎င်း ။

ရည်ရွယ်ပြီးလျှင် -

မြကလပ်တောင် ၊ မင်းသားတောင်ပေါ်ရှိ ၊ ဘုရားစေတီကျောင်း ၊ ဓမ္မာရုံ ၊ အဆောက်အဦးနှင့်တကွ အာရာမ်များ ၊ ရေတွင်းရေကန်များ ၊ အားလုံးကို ၊ အပ်သောတပ္ပိယကူဋီပြု၍ ၊ လွိုင်ကော်မြို့ ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက် ၊ နာယကဆရာတော် ၊ အသျှင် ပညာသာမိအား ၊ အလိုရှိတိုင်း သုံးဆောင်နိုင်ခြင်းငှာ ၊ စေတနာသုံးတန် ပြဌာန်းကာ လှူဒါန်းပူဇော်ပါကုန်၏ အရှင်ဘုရား ၊ အရှင်ဘုရားသည် ၊ အလိုရှိတိုင်း ၊ အလှူခံသုံးဆောင်တော်မူ၍ ၊ ဓူ ၇ နှစ်ပါး ပွားများအားထုတ်တော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ထားပါသည် ဘုရား ။ ဂေါပကအဖွဲ့ဝင်ဖြစ်ကြကုန်သော ၊ တပည့်တော် ၊ တပည့်တော်မများနှင့်တကွ ၊ ဥပသကာ ၊ ဥပသကာမများကလည်း ၊ ပစ္စည်းလေးပါးအတွက် ၊ အလုံးစုံတာဝန်ယူ၍ ၊ ဆောင်ရွက်ပြုစုသွားမည်ဖြစ်ကြောင်း ဆရာတော် သံဃာတော်များ၏ မျက်မှောက်တွင်ဝန်ခံ၍ လျှောက်ထားပါသည် ၊ သံဃာတော်အရှင်သူမြတ်တို့ဘုရား ။

ပထမ နာယကဆရာတော်ဘုရားမှ ဒုတိယနာယကဆရာတော်ဘုရားအား ကျောင်းလွဲအပ် စာချုပ်ချုပ် အခမ်းအနား

ဆရာတော်ဘုရားကြီးအား မြကလပ်တောင် ဂေါပကနှင့် ခြံပိုင်ရှင်များမှလှူဒါန်းထားသော စာ

ဆရာတော်ဘုရားကြီးမှ ဦးဇင်းအား လွဲအပ်သော စာချုပ်

၂.၅.၂၀၁၈
၂.၅.၂၀၁၈
၂.၅.၂၀၁၈